မျှော်လေသူ
-မောင်
လာဗင်ဒါအခင်းတွေ
ဘယ်လောက်လှတယ်ပြောပြော
တွေ့နေကြ
ရွာချောင်းဘေးက
ဗေဒါတစ်ပွင့်ထက်
မောင်
မနက်ခင်းတွေ
ဘယ်လောက်သာသာ
တိမ်ပြိုတဲ့နေ့က
အိမ်အိုမှာ
မောင်နဲ့တွေ့ချိန်ထက်
ကျမ
မတမ်းတပါဘူး။
မောင်
ပြန်ခဲ့တော့လေ
ဗေဒါတစ်ပွင့်ပန်လို့
တိမ်ပြိုတဲ့နေ့တိုင်း
အိမ်အိုမှာ
ကျမစောင့်နေတယ်
ပြန်ခဲ့တော့ကွယ်။
No comments:
Post a Comment