Saturday, April 2, 2016


************ သုဘဒ္ဒါ တမ်းခြင်း************


-  အင်ကြင်းတစ်ပွင့်ဆိုခဲ့လဲလေ
 မောင်ပေးတဲ့ ချစ်ခြင်းကို 
 မွတ်သိပ်စွာအပြည့်အ၀မျှော်သူမို့
ပန်းအရိုင်းကြောင့် အမုန်းမီးရယ်ကြွ
ရာဇ၀င်မှာ ချစ်သူကို အစွယ်ဖြတ်
အသေသတ်သူရယ်လို့ ကျော်ဇောခဲ့တဲ့
သုဘဒ္ဒါလည်း အသည်းနဲ့ပါ မောင်

Wednesday, March 30, 2016

******* လိုက်ရဲလား********

           နှစ်ယောက်ထဲသွားမယ် မောင်

          တောင်ပင်လယ်ကျော်ကာဖြတ်

          အမှောင်တွေ ရှောင်ဖယ်ကြဖို့

          တို့လက်ကို ခိုင်ခိုင်တွဲ

          မြဲကြစို့လား................။













         

         

ၻၻၻၻၻၻ