Saturday, April 2, 2016


************ သုဘဒ္ဒါ တမ်းခြင်း************


-  အင်ကြင်းတစ်ပွင့်ဆိုခဲ့လဲလေ
 မောင်ပေးတဲ့ ချစ်ခြင်းကို 
 မွတ်သိပ်စွာအပြည့်အ၀မျှော်သူမို့
ပန်းအရိုင်းကြောင့် အမုန်းမီးရယ်ကြွ
ရာဇ၀င်မှာ ချစ်သူကို အစွယ်ဖြတ်
အသေသတ်သူရယ်လို့ ကျော်ဇောခဲ့တဲ့
သုဘဒ္ဒါလည်း အသည်းနဲ့ပါ မောင်


- အကျွန်လိုချင်ခဲ့တာ တမ်းခြင်းအတွက်
အလွမ်းပြေရာ အမောင့်အစွယ်ကိုသာလေ
အမောင့်အသက်မှ မဟုတ်ပေခဲ့တာ
ရှင်းပြလဲ ဘယ်သူမှမယုံနိုင်တဲ့ဘ၀မို့
အမောင့်နောက် လိုက်ခဲ့ယုံကလွဲပြီး
ဘာများတတ်နိုင်ဦးမှာလဲ

-  ယုံပါမောင်
အကျွန်တမ်းတခဲ့မိတာ မောင့်ကိုယ်စား
တိတ်တိတ်လေး လွမ်းချင်ခဲ့တဲ့
ကြင်သူအမောင့်ရဲ့ စွယ်စုံကိုပါ

- ဘ၀ခြားလည်း အမောင့်ကိုသာ
လွမ်းလွန်းလှတဲ့ မိန်းမရိုင်းကျမ
အမောင့်အချစ်သာ ပြန်ရမယ်ဆို
ဆယ်ခါပြန် နင်သေစမ်းဆိုလဲ
သေ၀ံ့တယ်ဆိုတာ
တစ်ပါးသူ မသိလဲ
အမောင်သိရင် ကျေနပ်တယ်
သိလှည့်တော့ အမောင်ရယ်.....................။





1 comment:

  1. သုဘဒ္ဒါဘယ်လို တမ်းတမ်း ကိုယ်က ပြန်လည်တမ်းတရမည့်သူက ကိုယ်ရဲ့ မောင်တော်ပေါ့နော် ဟုတ်လား

    ReplyDelete